နေပြည်တော် ၁၂ ဒီဇင်ဘာ 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Total E&P MYANMAR အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Total E&P MYANMAR မှ ကံပေါက်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်နှင့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းလုပ်ငန်းစဉ်များ၊ လက်ရှိ စီမံကိန်းအခြေအနေများနှင့် စီမံကိန်းတွင်အသုံးပြုမည့် နည်းပညာအချက်အလက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

သတင်းစဉ်