ရန်ကုန် ၁၃ ဒီဇင်ဘာ
No Plastic Campaign - South Okkalapa အဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၅ ရက်နေ့၌ (၆၈)ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပ မြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ လမ်းများအား မြို့နယ်သူ/သားများ၊ ပရဟိတညီအစ်ကိုမောင်နှမများ၊ လူမှုကူညီရေးအဖွဲ့သားများဖြင့် စုပေါင်း၍ အမှိုက်ကောက်လှုပ်ရှားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ပရဟိတစိတ်ထက်သန်သော၊ ပါဝင်ကူညီလိုသော ပရဟိတညီအစ်ကိုမောင်နှမများအား ပူးပေါင်း ပါဝင်ကူညီကြပါရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
နေထက်အောင်