ရွှေသောင်ယံ ၁၃ ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့အနီး ပတ်ဝန်းကျင်ရှိ လယ်တောများ၊ တောတောင်များတွင် သွားလာအလုပ်လုပ်ကိုင်ကြသူများမှာ ယခုဆောင်းဦးပေါက် ရာသီတွင် အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိသည်။

 

ေ

 


ရွှေသောင်ယံရပ်ကွက်သုံးခုနှင့် ကျောက်မောင်နှမကမ်းခြေတို့တွင်လည်း ပြည်သူများ၊ ခရီးသွားဧည့်သည်များ ပုံမှန်စည်ကားလျှက်ရှိပြီး စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များတွင် ပိုမိုစည်ကားလျှက်ရှိသည်။ ကျောက်မောင်နှမကမ်းခြေ ဆင်စခန်းတွင် ဆင်လိမ္မာ ငါးကောင်ရှိကာ၊ ဧည့်သည်များ ဆင်စီး၍ ကမ်းခြေတစ်ပတ် အပန်းဖြေပါက ဆင်စီးခနှုန်းထားမှာ ငါးထောင်ကျပ်ကျသင့်မည်ဖြစ်သည်။

 

ေ

 

ကိုကိုမောင် ရွှေသောင်ယံ ပြန်/ဆက်