ကလေးဝ ၁၃ ဒီဇင်ဘာ
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ် ဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ မြို့မဈေး၌ ပြုလုပ်ခဲ့သည်။

အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးပွဲတွင်လက်တွေ့ သရုပ်ပြသခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့် ဆီမီးငြှိမ်းသတ်သည့် Foamm ဆေးရည်ဖြင့် မီငြိမ်းသတ်ပက်ဖျန်းခြင်းနည်းများ၊ မီးသတ်စက်အသုံးပြုနည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ မီးသတ်ကားဖြင့်ငြှိမ်းသတ် ပက်ဖျန်းနည်းများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း၊တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက ပူးပေါင်း၍ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)