မန္တလေး ၁၃ ဒီဇင်ဘာ
“ လူငယ်နှင့် ဘဝတန်ဖိုး ” ပြည်သူ့စကားဝိုင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမှတ် (၁၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ချမ်းမြေ့ မန္တလာခန်းမတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်ခင်သန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင် ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြည်သူစကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
“လူငယ်နှင့်ဘဝတန်ဖိုး” ပြည်သူ့စကားဝိုင်းတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ကျော်ဦး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်နှင့် စာရေးဆရာမ ခင်ခင်ထူးတို့က ဦးဆောင်ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူ များနှင့် တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားသည်။
တင်ဇာလှိုင်