ကံမ ၁၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နည်းစနစ်မှူး ဒေါ်ခင်ဆွေသက်နှင့် ဝန်ထမ်းများသည် ကံမမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ မျိုးရာဇာ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ် တစ်ရပ်အနေဖြင့် Myanmar Fitness Dance အကအား သင်ကြားပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် ကျန်းမာ ကြံ့ခိုင်ပြီး သွက်လက်ထက်မြက်သော တိုင်းပြည်၏အနာဂတ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)