နေပြည်တော် ၁၃ ဒီဇင်ဘာ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Timur Masksimov သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။

 

8

 

တွေ့ဆုံစဉ် အိုင်တီနည်းပညာသုံး ခေတ်မီပို့ဆောင်ရေးစနစ်များ၊ e - Government နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများနှင့် အိုင်တီနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)