မကွေး ၁၃ ဒီဇင်ဘာ
လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးပွဲတော် (မကွေး)တွင် ၁၄-၁၂-၂၀၁၉ ရက်နေ့မှ ၁၆-၁၂-၂၀၁၉ ရက်နေ့ထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ “Cyber Incident Drill” ကို ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို မိမိ၏ကွန်ပျူတာဖြင့် လာရောက်ဖြေဆိုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဝင်ရောက်ဖြေဆိုသူများသည် ပန်ဒိုရာအာမခံကုမ္ပဏီတစ်ခု၏ ဆိုက်ဘာတိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး ဖြေဆိုချိန် တစ်နာရီ ရရှိမည်ဖြစ်ပါသည်။
ဖြစ်စဉ်အကျဉ်း
ပန်ဒိုရာအာမခံကုမ္ပဏီ၏ အိုင်တီဌာနအကြီးအကဲဖြစ်သူသည် ၎င်းတို့၏ကွန်ရက်မှ ပုံမှန်မဟုတ်သော ဒေတာစီးဆင်းမှုနှင့် port များပွင့်နေမှုကို တွေ့ရှိခဲ့ရပြီး ၎င်းတို့အဖွဲ့က စစ်ဆေးကြည့်သောအခါ ယမန်နေ့က Firewall အား configuration မှားယွင်းစွာ လုပ်ဆောင်ခဲ့မှုများရှိနေပြီး Firewall မှ port 80 နှင့် port 443 တို့မှသာ HTTP အဆက်အသွယ်ရနိုင်စေရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း ယနေ့နံနက်တွင် အမည်မသိဟက်ကာအဖွဲ့က website ကို defacement ပြုလုပ်ခဲ့ပြီး website မှ ညွှန်းသောအရေးကြီးသော စာမျက်နှာများသည် encrypt လုပ်ခံရကာ ဖွင့်မရဖြစ်နေကြောင်း တိုင်ကြားလာခဲ့ကာ ဤအမှုကို ကူညီဖြေရှင်းပေးရန် သင့်အား အကူအညီ တောင်းခံလာပါသည်။
ပန်ဒိုရာအာမခံကုမ္ပဏီ၏ ဆိုက်ဘာတိုက်ခိုက်ခံရမှုဖြစ်စဉ်အား ကူညီဖြေရှင်းပေးလိုသူများသည် မကွေးတက္ကသိုလ်၊ အိုင်တီနည်းပညာဆိုင်ရာလှုပ်ရှားမှုဆပ်ကော်မတီပြခန်းတွင် User Name နှင့် Password တောင်းခံ၍ လာရောက်၍ဖြေဆိုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အိုင်တီနည်းပညာဆိုင်ရာလှုပ်ရှားမှု ဆပ်ကော်မတီ
Ref; Mmcert