ပန်းတနော်    ၁၄    ဒီဇင်ဘာ        

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ပန်းတနော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (ကလေးစာပေပွဲတော်) စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပပြုလုပ်ရာ ယနေ့ ကလေးစာပေပွဲတော် ဒုတိယနေ့ Team Building Game ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

"သားက ဒီကလေးစာပေပွဲတော်ကို သူငယ်ချင်းတွေနဲ့ လာရောက်တာဖြစ်တယ်၊ ဒီမှာကစားစရာတွေကလည်း အစုံအလင်ပဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲ တစ်ခုဆော့ပြီးတိုင်း သားတို့ကို ဆုလက်ဆောင်လက်တွေပေးတော့ ပျော်ရွှင်ရပါတယ်" ဟု ကျုံတကယ် အ-မ-က (ခွဲ) ကျောင်းမှ မောင်နေအောင်က ပြောသည်။

 

ပန်းတနော်မြို့ ကလေးစာပေပွဲတော် ဒုတိယနေ့ Team Building Game ပြိုင်ပွဲတွင် အာလူးကောက်၊ ခွက်နင်း၊ ဘောလုံးပစ်နှင့် ခါးလှည့်ကစားနည်းများ ပါဝင်ကြသည်။ ယင်းကစားနည်းပြိုင်ပွဲများကို ပန်းတနော်မြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အနိုင်ရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုပစ္စည်းလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ Team Building Game ပြိုင်ပွဲကို ပျော်ရွှင်စွာ လာရောက်ကစားကြသော ကျောင်းသား၊ ကျောင်းသူများဖြင့် အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။      

 

ဝဠာနိုင်  (ညောင်တုန်း)၊ ပြည့်ဖြိုးကျော် (ပန်းတနော်)