ကျော ၁၄ ဒီဇင်ဘာ

 

ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကျောမြို့၌ မီးဘေးလုံခြုံရေးအတွက် ကျောချောင်းတွင် ကန်ပေါင်ပိတ်ဆို့ကာ ရေသိုလှောင်ထားရှိနိုင်ရေး ယနေ့နံနက်တွင် စက်ယန္တရားအသုံးပြု၍ ဆောင်ရွက်လျက်ရှိသည်။

 

"မီးဘေးလုံခြုံရေးအတွက် ကျောချောင်းမှာ ရေသိုလှောင်ထားနိုင်ဖို့ ဆောင်ရွက်တာပါ။ အတက်၊ အဆင်းလမ်းများကိုလဲ ပြုပြင်ထားပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

mdn

 

ကျောချောင်းသည် ကျောမြို့အနီးတွင် ဖြတ်သန်းစီးဆင်းပြီး ပုလဲ-ဂန့်ဂေါ ကားလမ်း ကျွဲကိုင်းတံတား အထက်ဖက်တွင် တစ်တန်၊ အောက်ဖက်တွင် တစ်တန် ကန်ပေါင်ပိတ်သွားမည်ဖြစ်ကြောင်းနှင့် ကျောမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

၁၄၄