ဒေါပုံ ၁၅ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် ဌာနဆိုင်ရာများနှင့် မြို့လူထုအစည်းအဝေး (Town Hall Meeting) အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးမှ (Town Hall Meeting) ပြုလုပ်ရခြင်း၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့ပေါ် (၁၄)ရပ်ကွက်မှ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ လူထုတွေ့ဆုံပွဲသို့ မြို့ပေါ်(၁၄)ရပ်ကွက်မှ ပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း ၁၅၆ ဦး တက်ရောက်ခဲ့ကြသည်။
သဲစုစုလွင်