ချောက် ၁၅ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ချောက်မြို့၌ ယနေ့နံနက် ၇ နာရီက အ.ထ.က(၁)ကျောင်းမှ ချောက်ရေနံမြေမှကြိုဆိုပါ၏ ဆိုင်းဘုတ်အဆင်းအထိ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေထွန်းသန်း ဦးဆောင်ကြီးကြပ်မှုဖြင့် လမ်းမဘေးတစ်လျှောက်ရှိ အမှိုက်များ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး အမှိုက်များ စနစ်တကျ မီးရှို့ပေးခြင်းဖြင့် ချောက်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)