ပူတာအို ၁၅ ဒီဇင်ဘာ

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အသက်မွေး၀မ်းကျောင်း အထောက်အကူပြု    အခြေခံကွန်ကရစ်ပုံလောင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက   ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု မုဒုံ- ၂ ကျေးရွာကျောင်းရှေ့ ယာယီမဏ္ဍပ်ဆောင်၌ ကျင်းပသည်။

 

08

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်တို့က သင်တန်းဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင်လိုက်နာရမည့်    စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 

010

 

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၄)ရွာမှ သင်တန်းသား(၁၅)ဦးအား သင်တန်းကာလ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနေဖြင့် မိသားစု၀င်ငွေ ယခင်ကထက် တိုးတက်လာမည့်အပြင် အတတ်ပညာများသာမက   စိတ်ဓာတ်ရေးရာများပါ တိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပူတာအို)