မိုင်းဖြတ် ၁၆  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တာချီလိတ်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ဒီဇင်ဘာလ ၁၄ရက်၊ ၁၅ရက်များတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ဘုရင့်နောင်ခန်းမ၌ နေ့စဉ်နံနက် ၉နာရီခွဲမှစ၍ ၄နာရီခွဲအထိ ယာဉ်လိုင်စင် သက်တမ်းတိုး၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 

25

 

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏  ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းနင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုဦးစီးမှုး ဒေါ်ပက်ထရီရှာသန်း ဦးဆောင်၍ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ် ညှိနှိုင်းမှု ဦးစီးဌာနတို့မှ ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 

4852

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒီဇင်ဘာ ၁၄ရက်က မော်တော်ယာဉ်သက်တမ်းတိုး ၂၅စီး၊ မော်တော် ဆိုင်ကယ် သက်တမ်းတိုး ၅၆ စီးနှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်ပေးမှု ၆၇ ဦး ကို လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် မော်တော်ယာဉ်သက်တမ်းတိုး ၃၈ စီး၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုး ၁၁၂ စီး နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး ၁၃၃ စောင်၊ (က)ယာဉ်မောင်းလိုင်စင် ၆၃ စောင် ၊ လုပ်ငန်းလိုင်စင် ၂၈ စီး စုစုပေါင်း ၄၉၄ မျိုးကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

 သန်းထွန်းအေး(ပြန်/ဆက်)