မုံရွာ ၁၆  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်၏၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဖွင့်ပွဲနှင့်ဈေးရောင်း ပွဲတော်ကို ဒီဇင်ဘာ(၁၆)ရက် နံနက်(၉)နာရီက ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ(IBEC)မှ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဆရာတော် ဒေါက်တာ အရှင်သောဘိတနှင့် မုံရွာ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသူရဦးတို့က အမှာစကားပြောကြားကာ ပညာသင်နှစ်နှင့် ဈေးရောင်းပွဲတော် အား ဖွင့်လှစ်ပေးခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်ခန်းမ ရှေ့တွင်ပြသထားသော IT နည်းပညာပြခန်းနှင့် ဌာနအလိုက်ဖွင့်လှစ်ထားသောပြခန်းများ၊ ဌာနအလိုက် ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသော ဈေးဆိုင်ခန်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့သည်။

 

မုံရွာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဖွင့်ပွဲတွင် ဌာနအလိုက်ဖွင့်လှစ်ပြသထားသော ပြခန်း (၁၉)ခန်း နှင့် ဈေးဆိုင်ခန်း (၂၂)တို့အား ဒီဇင်ဘာလ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် ပြသရောင်းချ ပေးသွားမည်ဖြစ်ကြောင်း နှင့် မုံရွာတက္ကသိုလ်တွင် သင်ကြားရေးဌာန (၁၇)ခု ဖွင့်လှစ် သင်ကြား ပေးလျက် ရှိကြောင်းနှင့် ၎င်းသင်ကြားရေးဌာနများတွင် ကျောင်းသား/သူ (၂၀ဝ၀ဝ)ဝန်းကျင်ခန့် တက်ရောက်လျက် ရှိကြောင်း သိရသည်။

                                                                               

ဝင်းဦး(ဇေယျာတိုင်း)