လိုင်လင်းပီမြို့ ၁၆ ဒီဇင်ဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၊ ချင်းပြည်နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်း ၉ မျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှသိရသည်။
အဆိုပါ လုပ်ငန်းများမှာ မြို့တွင်း လမ်းရေပြွန်(၁၀)စင်းပြုလုပ်ခြင်းလုပ်ငန်း၊ မြို့တွင်းလမ်း တာချဲ့ခြင်း လုပ်ငန်း၊ မြို့တွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မြို့တွင်းလမ်းဆုံ နာရီစင်ပြု လုပ်ခြင်းလုပ်ငန်း၊ မြို့တွင်း ရေဖြန့်ဝေခြင်း လုပ်ငန်း၊ အဖွဲ့ပိုင်ရုံးရှေ့/နောက် မြေထိန်းနံရံပြုလုပ် ခြင်းလုပ်ငန်း၊ အဖွဲ့ပိုင်ရုံး မြေနေရာ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ အမှိုက်သိမ်းယာဉ်(၁)စီးဝယ်ယူခြင်းနှင့် အမှတ်(၂) ရေလှောင်ကန် ပြုလုပ်ခြင်းလုပ်ငန်း တို့ဖြစ်သည်။
ယင်းလုပ်ငန်းများ ဆောက်ရွက်နိုင်ရေးအတွက် ကြော်ငြာစာများကို ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလ(၁၁) ရက်နေ့မှစ၍ အများပြည်သူများသိသာမြင်သာစေသည့်နေရာများ၌ ကြော်ငြာထားပြီး တင်ဒါဖွင့်ပွဲကို ဟားခါးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ (၁၄)ရက်နှင့် (၁၅)ရက်နေ့တို့တွင် ကျင်းပခဲ့ကြပြီး ဒေသခံကုမ္ပဏီ (၂၀)နှင့် အခြားကုမ္ပဏီများမှ ပါဝင်ယှဉ်ပြိုင်ထားကြကြောင်းနှင့် တင်ဒါအောင်သည့် ကုမ္ပဏီ စာရင်းများ မကြာမီထွက်ရှိတော့မည်ဖြစ်ကြောင်းသိရသည်။
ယာကမ် (ပြန်/ဆက်)