နေပြည်တော်  ၁၆   ဒီဇင်ဘာ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂွမ်ဒေါင်းပြည်နယ် သံဃမဟာနာယကအဖွဲ့ ဒုတိယဉက္ကဋ္ဌ ဆရာတော်ကြီးဦးဆောင်သည့် အဖွဲ့နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

 

တွေ့ဆုံစဉ် သာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နေမှုအပေါ် အကူအညီပေးရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် ဘက်စုံမွမ်းမံ တည်ဆောက်ရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂွမ်ဒေါင်းပြည်နယ် သံဃမဟာနာယကအဖွဲ့မှ အလှူငွေကျပ် သိန်း ၅၀ အား ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

 

သတင်းစဉ်