ကာမိုင်း ၁၆ ဒီဇင်ဘာ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတို့မှ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၃၃ ဦးက “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ပန်းချီယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် “ထိန်းသိမ်းအပ်ပေ လွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)