၁၇ ဒီဇင်ဘာ
ယခုအခါတွင် ထက်ဝက်ကျော်မျှသောကမ္ဘာ့လူဦးရေသည် မြို့ပြများ၌ နေထိုင်နေကြ၏။ လက်ရှိအားဖြင့် ၅၅ ရာခိုင်နှုန်း ခန့်သော မြို့ပြနေသူ အရေအတွက်သည် ၂၀၅၀ ပြည့်နှစ်ဆိုလျှင် ၇၀ ရာခိုင်နှုန်းအထိ ကမ္ဘာနှင့် အဝန်းတွင် ရှိလာလိမ့်မည်ဟု တွက်ချက် ထားပါသည်။
ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာမှု၊ ကျေးလက်ဒေသများ၌ အလုပ်အကိုင်ရှားပါးလာမှု မြို့များ၏ထည်ဝါလင်းလက် တောက်ပလာသည့် ဖွံ့ဖြိုးတိုးတက်ထွန်းကားနေသည့် ဆွဲဆောင်မှုများကြောင့် မြို့ပြများ ကြီးထွားလာသည့်နှုန်းမှာ ကမ္ဘာကြီးတွင် တစ်နှစ်ထက် တစ်နှစ် အရှိန်အဟုန် ပြင်းထန်လာနေပြီဟု ဆိုပါသည်။
ထိုသို့ ကြီးမားကျယ်ပြန့်လာသည့် မြို့ပြဖွံ့ဖြိုးလာမှုများကို ကမ္ဘာတစ်လွှားတွင်လည်း ဖြေရှင်းရန် ကြိုးစားနေကြရပါသည်။ မြို့ပြများ ကြီးထွားလာမှုနှင့် လိုက်လျောညီထွေသည့် အခြေခံလိုအပ်ချက်များကို ဖြေရှင်းရန် မြို့ပြဝန်ဆောင်မှုကဏ္ဍများနှင့် အစိုးရတို့ ပူးပေါင်းပြီး ခေတ်မီနည်းပညာတို့၏ အကူအညီဖြင့် ဖြေရှင်းရေး (smart solution) ကို စီစဉ်အကောင်အထည် ဖော်နေကြပြီ ဖြစ်ပါသည်။
မြို့ပြများ စည်းစနစ်တကျမဟုတ်ဘဲ အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် တိုးတက်ကြီးထွားလာခြင်းသည် နိုင်ငံတစ်ခုချင်း၏ ပြဿနာမျှသာမကတော့ဘဲ နိုင်ငံတကာ ပြဿနာအဖြစ် သတ်မှတ်ဖြေရှင်းနေကြပြီ ဖြစ်ပါသည်။
၂၀၁၆ ကမ္ဘာ့မြို့ပြညီလာခံ UN-Habitatill တွင် မြန်မာနိုင်ငံက ပါဝင်ခဲ့ပြီး ထိုညီလာခံ၌ ကမ္ဘာလုံးဆိုင်ရာ မြို့ပြ လုပ်ငန်းစဉ် အသစ် (New Urban Agenda) ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက ကျင့်သုံးဖော်ဆောင်သွားရန် ဆွေးနွေးသဘောတူညီခဲ့ကြသည်။ ထိုကမ္ဘာလုံးဆိုင်ရာ မြို့ပြလုပ်ငန်းစဉ်တွင် လျင်မြန်စွာ
ပြောင်းလဲနေသည့် မြို့ပြဖြစ်စဉ်များ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာ၊ သဘာဝအရင်းအမြစ်များနှင့် လိုက်လျောညီထွေရှိ၍ မြို့ပြများ | ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည့် အမျိုးသားမြို့ ပြမူဝါဒကို နိုင်ငံတိုင်းက ရေးဆွဲအကောင်အထည်ဖော်ရန်ဟူသော အဓိက ရည်မှန်းချက်တစ်ခု ပါဝင်ပါသည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာ မြို့ပြလုပ်ငန်းစဉ်အသစ် (New Urban Agenda) လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု၏ ရလဒ်တစ်ခုအဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် အမျိုးသားမြို့ပြမူဝါဒချမှတ်ရေး ညီလာခံတစ်ခု ကျင်းပခဲ့ပါသည်။
အမျိုးသားမြို့ ပြမူဝါဒချမှတ်ရေးဟူသည်မှာ လွန်စွာကျယ်ပြန့်၍ များပြားလှစွာသော ရှုပ်ထွေးမှုများကြားက ညှိနှိုင်း ရေးဆွဲရခြင်း ဖြစ်ပါသည်။ ဗဟိုမြို့ပြမူဝါဒဖြစ်လာသည့်အတွက် မတူညီ သော တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွက်ပါ ခြုံငုံ တွက်ဆ၍ သီးခြားလုပ်ပိုင်ခွင့်ပေးနိုင်သော အစီအမံများဖြစ်ရေးကို ဘက်စုံမျှတစွာ ပြင်ဆင်ရခြင်းဖြစ်ပါသည်။
ပြည်တွင်းကပညာရှင်များစွာ၊ ပြည်ပနိုင်ငံများက ပညာရှင်များစွာတို့၏ ဝိုင်းဝန်းကူညီဆောင်ရွက်မှု၊ မြန်မာနိုင်ငံတွင်းက အုပ်ချုပ်ရေးမဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုင်တို့၏ ကူညီပေးမှု တို့က ဤကဲ့သို့သော မူဝါဒဆိုင်ရာအခြေခံတို့ကို ရေးဆွဲနိုင်ရေး အတွက် များစွာအထောက်အပံ့ဖြစ်ခဲ့သည်ဟု သိရပါသည်။
ယနေ့တိုးတက်ခေတ်မီပြောင်းလဲလာမှုနှင့်အညီ ခေတ်မီနည်းပညာတို့၏ အကူအညီဖြင့်ဖြေရှင်းရေး (smart solution) ဟူသည့် နည်းလမ်းများကိုအခြေပြုရသည်ဖြစ်ရာ နည်းပညာ တိုးတက်မှုများနှင့် ညီညွတ်သည့် စနစ်များသာမက၊ တစ်နည်း ဆိုရသော် ခေတ်မီစီမံခန့်ခွဲမှု၊ စမတ်မြို့ကြီးများ (smart management, smart city) owpoor 3:05p8c4@lo ဖြစ်ပါသည်။
ခေတ်မီစမတ်မြို့ပြများ စနစ်တကျဖြစ်ထွန်း တိုးတက်ရေး သည် ခေတ်မီစီမံခန့်ခွဲမှုကို နိုင်နင်းသော ခေတ်မီ ပညာရှင်များ သာမက ခေတ်မီအုပ်ချုပ်ရေးစနစ်၊ ခေတ်မီအစိုးရ (smart governance, smart government) တို့နှင့်အတူ ရေရှည်မြော်မြင် ဉာဏ်ကြီးသော ခေတ်မီပြည်သူလူထု၏ အားပေးထောက်ခံမှုကို လည်း လိုအပ်မည်မှာ အသေအချာ ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း