တာချီလိတ် ၁၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဘေးအရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဒီဇင်ဘာ ၁၆ ရက်က အခြေခံပညာကျောင်းများသို့ သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

85963

 

အသိပညာပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာတွင် ဟောင်လိတ် ကျေးရွာအုပ်စု၊ ဟွေခိုက် ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၄၀)ဦးနှင့် မိုင်းကိုး ကျေးရွာအုပ်စု ကော်မယ်လိတ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ များနှင့် ကျေးလက်ပြည်သူ (၆၀)ဦးအားလည်းကောင်း သဘာဝဘေးနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့သည်။

 

9863

 

အသိပညာပေး ဟောပြောဆွေးနွေးမှု ပြုလုပ်ရာတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက် မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ် မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေး ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့် အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်ရမည့် အနေအထား များကို ပြသခြင်း၊ ဂိမ်းများကစားခြင်းဖြင့် သရုပ်ပုံဖော်မှုများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)