နေပြည်တော် ၁၇ ဒီဇင်ဘာ

 

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ပထမအကြိမ် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ (၂၇)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့ထံမှ သိရသည်။

 

mdn

 

အဆိုပါ ပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ ၂၁ ရက်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆရာတော် သံဃာတော် အပါး (၉၀) တို့က ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာရှေ့ပိုင်းငါးကျမ်း၊ အဘိဓမ္မာနောက်ပိုင်း နှစ်ကျမ်း၊ ပိဋကတ်သုံးပုံ အဋ္ဌကထာ၊ ဋီကာ စုစုပေါင်းအုပ်ရေ (၄၀ စာမျက်နှာ (၁၆၇၅၅) မျက်နှာအား အသံမစဲ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။

 

ပထမအကြိမ် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် ဆရာတော် သံဃာတော် အပါး (၁၀၈) တို့အား ဆွမ်းဆန်တော်များ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေကုက္ကို