တီးတိန် ၁၇ ဒီဇင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ဝင်းနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် ထန်တလန်မြို့နယ်များသို့ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် တီးတိန်မြို့နယ် ထေးဇန်ကျေးရွာ  ဆိုလာမီးလင်းရေးလုပ်ငန်း ICB-3 ဆောင်ရွက်သည့် တစ်အိမ်သုံး ဆိုလာစနစ်၊ အများပြည်သူသုံး ဆိုလာစနစ်နှင့် လမ်းမီးတိုင်ရှစ်တိုင် ဆောင်ရွက်သည့်လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း၊ ထုတ်လိုင်ကျေးရွာ၏ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော် ထောက်ပံ့ငွေ ကျပ် (၃၇၃) သိန်းဖြင့် ဆောင်ရွက်သည့် ရေအားလျှပ်စစ် ဖွင့်လှစ်ပေးခြင်း၊ ဆိုင်းဇန်၊  တုန်းဇန်၊ ဆွောင်းဇန်၊ ငါလ်းဘွာလ်း ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ညှိနှိုင်းဖြေရှင်းပေးခြင်း၊ တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ရုံးသစ် ဖွင့်လှစ်ပေးခြင်း၊ တုန်းတွောင်ကျေးရွာ၏ CDD လုပ်ငန်း၊  ဟိုင်ကျင်းကျေးရွာ၏ ICB-1 လုပ်ငန်း၊ တွီးမန်ကျေးရွာ၏ ICB-1 နှင့် CDD လုပ်ငန်း၊ တွီးခိန်းကျေးရွာ၏ CDD လုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခြင်း၊ ထန်တလန်မြို့နယ် လေတပ် (ခ) ကျေးရွာ အသေးစား ရေအားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

mdn

 

အဆိုပါ ခရီးစဉ်တစ်လျှောက်လုံးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂင့်ကမ်းလျန်း၊ ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စော၊ ဖလမ်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာရှိန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လ/ထ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးပြည့်စုံဦး၊ တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝုန်ပြင်းထန်တို့ လိုက်ပါခဲ့ကြကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)