ဂန့်ဂေါ ၁၇ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် လာပို့ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်မှု အခြေအနေအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

7895202

 

အဆိုပါကုန်ထုတ်လမ်းမှာ အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ အား ကျောက်ရောမြေ ၁ ပေထုပေါ်တွင် မြေနီကျောက်စရစ် ၉ လက်မထု ခင်းခြင်းလုပ်ငန်းဖြစ်ပြီး ကွန်ကရစ်ရေပြွန် ၄ စင်းနှင့် ကွန်ကရစ်တံတား ၁ စင်း ပါဝင်ပြီး မြစ်သာဂန့်ဂေါ မိသားစုကုမ္ပဏီမှ တင်ဒါအောင်မြင်ငွေကျပ် ၈၃၁ ဒသမ ၂၄ သိန်းဖြင့် နိုဝင်ဘာ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လယ်ယာ ၉၃၀ ဧကကျော်မှ ထွက်ရှိသော လယ်ယာထွက်ကုန်များအား ကုန်ကျစရိတ် သက်သာစွာဖြင့် လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ရဲမာန်(ကျေးလက်)