ရန်ကုန် ၁၇ ဒီဇင်ဘာ
မြန်မာနိုင်ငံ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော သက်ငယ်မုဒိမ်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ကျင်းပသည်။
ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းတွင် သက်ငယ်မုဒိမ်းမှုများ ကြိုတင်ကာကွယ်ရေး၊ အကြမ်းဖက်မှု ပပျောက်ရေး ဆောင်ရန်ရှောင်ရန်များ၊ ကလေးသူငယ် အခွင့်ရေးများဆိုင်ရာများကို နည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)