ကျိုင်းတုံ ၁၇ ဒီဇင်ဘာ
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်ဖြင့် တာချီလိတ်- ကျိုင်းတုံ- တာချီလိတ် ခရီးစဉ် စက်ဘီးစီး ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနှင့် ထိုင်းနိုင်ငံသားများ ပါဝင်သည့် စက်ဘီးစီး အဖွဲ့ဝင် များသည် ကျိုင်းတုံမှ တာချီလိတ်သို့ ယနေ့ နံနက် ၇ နာရီက စတင်တာထွက်ကြသည်။
တာချီလိတ်သို့ ပြန်လည်တာထွက်ရာတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား (၆၄)ဦးနှင့် မြန်မာနိုင်ငံသား (၆၀)ကျော် ပါဝင်သည့် အပျော်တမ်း စက်ဘီးစီးအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်တွင် တာချီလိတ်မှ ကျိုင်းတုံသို့ စီးနင်းခဲ့ကြပြီး ကျိုင်းတုံမြို့တွင် ညအိပ်ရပ်နားကာ ဒီဇင်ဘာ ၁၆ ရက်တွင် ကျိုင်းတုံမြို့အတွင်း လည်ပတ်စီးနင်း ပြီးနောက် ဒီဇင်ဘာ ၁၇ ရက် နံနက် ၇ နာရီတွင် ကျိုင်းတုံမြို့၊ ရွှေတြိဂံ အပန်းဖြေစခန်းရှေ့မှ တာချီလိတ် သို့ စတင်တာထွက်ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)


