သုဝဏ္ဏဝတီမြို့ ၁၇ ဒီဇင်ဘာ

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူလတန်း ကြိုကျောင်း ဆောက်လုပ်ရန် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

85263014

 

အခမ်းအနားတွင် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်း၊ ခရိုင်ဥက္ကဋ္ဌ ဒေါ်အေးအေးမျိုး၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်မာကြည်နှင့်အတူ အဖွဲ့ဝင်များ၊ သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းဆောက်လုပ်ရေးကော်မတီများ၊ အလှူရှင်များ တက်ရောက်ကြပြီး မူလတန်းကြိုကျောင်း ဆောက်လုပ်ရန်အတွက် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှ အလှူငွေကျပ် ၁၀ သိန်းနှင့် အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်း ၄၅ သိန်း၊ ဘိလပ်မြေ ၁၅၅ အိတ်တို့အား တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားသည်။

 

693

 

သက်ဆိုင်ရာ တာဝန်ရှိသူများက အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီး ကျောင်းဆောက်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

9632

 

အဆိုပါ ကျောင်းဆောင်သစ်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၃၀ဝ ဖြစ်ပြီး ကျောင်းဆောက် လုပ်ရန် လိုအပ်သော အုတ်များကို သုဝဏ္ဏဝတီမြို့ရှိ အုတ်လုပ်ငန်းရှင်များကလည်းကောင်း၊ အမိုးသွပ် များကို အကောင်းကြိုက်စားသောက်ဆိုင်မှ လည်းကောင်း ထည့်ဝင်လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

96

 

ခွန်(ဝင်းပ)