ထီးလင်း ၁၇ ဒီဇင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မစည်ပင်သာယာပျံကျဈေးအတွင်း ရောင်းချလျက်ရှိသော အသားငါးများ အလေးချိန် တိကျမှန်ကန်မှုရှိစေရေး စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေး ဉီးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမြခဲနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိသဲအောင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဘီးရာမှိုးနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့က ထီးလင်းမြို့ မြို့မစည်ပင် သာယာပျံကျဈေးအတွင်း ရောင်းချလျက်ရှိသော အသားငါးများအား အလေးချိန်ခွင်၊ အခြင်အတွယ်၊ အတိုင်းအတာများ တိကျမှန်ကန်မှု ရှိ/မရှိတို့ကို စစ်ဆေးကြပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)