ရန်ကုန် ၁၇ ဒီဇင်ဘာ   

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် နောင်ရိုးနည်းပညာများ ကုမ္ပဏီမှ အဓိကကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ်မြောက် နောင်ရိုးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

 

63

 

ရှေးဦးစွာ နောင်ရိုးနည်းပညာများကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင့်ထွဋ်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

 

96325410

 

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး တက်ရောက် လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့သည်။

 

20

 

အဆိုပါပြိုင်ပွဲတွင် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းနှင့် ကလပ်အသင်းများမှ ပထမဦးဆုံး ပြုလုပ်သော အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ (၂၅)သင်း၊ အကြီးတန်းသုံးယောက်တွဲ ပြိုင်ပွဲ (၂၀)သင်း၊ အသက် (၂၀)နှစ်အောက် ပြိုင်ပွဲ (၁၁)သင်း စုစုပေါင်း (၅၆) သင်း၊ ပြိုင်ပွဲဝင်အားကစားသမား (၁၇၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ရာ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။

 

အား/ကာ (ရန်ကုန်)