စဉ့်ကိုင်  ၁၈  ဒီဇင်ဘာ 

 

၂၀၁၉ -၂၀၂၀ ၊  ခုနှစ်၊ ဧရာမင်း ၊ ( Rs toCs )မိုးစပါးမျိုးသန့်၊မျိုးပွား၊စံပြ ကွက်ရိတ်သိမ်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာအုပ်စု တောင်သူ ဦးမြမောင်၏ ကွင်းအမှတ်(၆၉) ဦးပိုင်အမှတ် ( ၁၅၉ / ၁ ) ယနေ့   ဒီဇင်ဘာ(၁၈)ရက် ၊  နံနက်(၉) နာရီကကျင်းပခဲ့သည်။

 

711

 

အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူး    ဦးဆန်းလင်းဦး၊   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်( ၁ ) ဦးအောင်နိုင်လင်း၊  မဲဆန္ဒနယ်အမှတ် (၂)ဦးလှိုင်ဝင်း၊ ခရိုင်အဆင့် စိုက်ပျိုးညှိနှိုင်းရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုး နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် စိုက်ညှိအဖွဲ့ဝင်များ၊ ကျေးရွာအဆင့် စိုက်ညှိအဖွဲ့ဝင်များ၊  စော်ရဲကျေးရွာ ရွာသစ်လှုပ်ရှားမှု ကော်မတီ (SMU) အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက် အားပေးကြသည်။

 

3

 

အဆိုပါ ကွင်းအမှတ်(၆၉)တောင်သူဦးမြမောင်၏ စံကွက်ရိတ်သိမ်းခဲ့ရာ (၄.၁၆)ဧကတွင် တစ်ဧက ပျမ်းမျှအထွက်နှုန်း တစ်ဧကလျှင်(အစိုတင်း)(၉၅.ဝ၀)တင်းထွက်ရှိခဲ့ပြီး ယခုလို မိုးစပါး စိုက်ဧကများ၏ စံကွက်  ရိတ်သိမ်းခြင်းဖြင့် အထွက်နှုန်းကိုသိရှိစေပြီး အထွက်နှုန်းမိတ်ဖက်အရ အားသာချက်၊ အားနည်းချက်များကို တောင်သူများ အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊  ဦးစီးအရာရှိ    ဒေါ်စိုးစိုးထံမှ သိရသည်။

 

0

 

ဝင်းဝင်းသန်း(စဉ့်ကိုင်)