တောင်တွင်းကြီး ၁၈ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပရပ်ကြယ်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

01

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် များက ပရပ်ကြယ်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပါသည်။  

 

2

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်းများကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်စ၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ပရပ်ကြယ်ကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ(၅၃၀)၊ လူဦးရေ(၂၃၆၄)ဦးတို့၏ ကျေးလက် လယ်ယာ ထုတ်ကုန် ဧက(၈၀ဝ)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ အဆိုပါ လယ်ယာ ထွက်ကုန်များကို ဈေးကွက် သို့ အချိန်မီ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာ သဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာ ထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပြောသည်။

 

3

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၁၄ ဒသမ ၃၆၉ သန်းဖြင့် မြေနီကျောက်စရစ်ခင်းခြင်း လမ်းအရှည် ၃ ဒသမ ၅ ဖာလုံ၊ လမ်းအကျယ်(၁၂)ပေ၊ အမြင့်ကိုးလက်မ ထုခင်းခြင်းလုပ်ငန်းနှင့် အဆိုပါ လမ်းပေါ်တွင် တစ်ပေØ ပေ ၂၀ အရှည် ရေပြွန်(၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ဟန်သီရိလွင် ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးမိုးကျော်