ကော့ကရိတ်  ၁၈  ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ပြည်သူစာကြည့်တိုက်ရုံးရှေ့တွင် ယမန်နေ့နံနက်၁၁နာရီအချိန်က ကျောင်းသူကျောင်းသားများကို ပျော်ရွှင်ဖွယ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။

 

4

 

ပြိုင်ပွဲတွင် အမက(၁၆)ကျောင်းမှ ကျောင်းသူကျောင်းသား(၂၀)တို့သည် စကောရွက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဘောလုံး သယ်ပြိုင်ပွဲတို့ကို ပျော်ရွှင်စွာ ပါဝင်ကစားပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

1

 

ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)