မန္တလေး ၁၈ ဒီဇင်ဘာ  

 

အမေရိကန်နိုင်ငံ Getty Conservation Institute မှ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် ဘုရားလေးဆူအား ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

 

02

 

အမေရိကန်နိုင်ငံ Getty Conservation Institute ပညာရှင်များသည် နိုဝင်ဘာလအတွင်းတွင် ပုဂံရှိဘုရား ၁၅ ဆူကို ကွင်းဆင်းသုတေသနများပြုလုပ်ခဲ့ပြီး စံပြအဖြစ်  မြင်းပြဂူဘုရား၊ သမုတိဘုရား၊ ကျဆင်းဘုရားနဲ့     ဇံသီးဘုရား တို့ကို ရွေးချယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဒီဘုရား လေးဆူက အဆောက်အအုံပိုင်းထူးခြားတာတွေပါတယ်။ ငလျင်လှုပ်တုန်းက ထိခိုက်ထားတယ်။ ထိခိုက်ထားတာတွေကို သူတို့အနေနဲ့က အဆောက်အအုံပိုင်းက ပထမလုပ်မယ်။ ပြီးရင် နံရံဆေးရေးပန်းချီထိန်း သိမ်းတာတွေလုပ်မယ်။" ဟု ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။    

 

ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ မစတင်မီတွင် အဆောက်အအုံထိန်းသိမ်းခြင်း၊ နံရံပန်းချီထိန်းသိမ်းခြင်း၊ အချက်အလက် မှတ်တမ်းပြုစုခြင်းများ ပါဝင်သည့် သင်တန်းကို ကနဦးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

52

 

Getty Conservation Institute အနေဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနှင့် ပူးပေါင်းကာ ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၁၀ နှစ်စီမံကိန်းဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းတွင်ရှိသည့် နန်းဘုရားကို ဂျာမနီနိုင်ငံ၊ ဘုရားသုံးဆူဘုရားကို ကိုရီးယားနိုင်ငံ၊ သဗ္ဗညုဘုရားကို တရုတ်နိုင်ငံတို့က  ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၄၀ ကျော်က ပြုလုပ်နေကြသည်။

 

သူရိန်လင်း