မန္တလေး ၁၈ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၏ လုပ်ငန်းမှတ်ပုံတင်S ME Member ကတ်များအား အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ထံမှသိရသည်။

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့်Secure Link Co., Ltd. တို့ ပူးပေါင်း၍ SME WebPortal ကိုရေးဆွဲထားပြီး SME လုပ်ငန်းရှင်များ အနေဖြင့် SME Member Card များကို အချိန်ကုန်သက်သာ၍ လွယ်ကူမြန်ဆန်စွာ ရရှိရန်အတွက် Webportal မှတစ်ဆင့် SME Member Card များကို Online Registration စနစ်ဖြင့်လျှောက်ထားနိုင်ရန်နှင့် e-payment စနစ်ဖြင့် ငွေပေးသွင်းနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

 

 ''ဒီစနစ်တွေကို အကောင်အထည်ဖော်မယ့် ဝန်ထမ်းတွေအတွက် ဌာနတွင်း သင်တန်းပေးနေပါတယ်။ သင်တန်း မှာ SME လုပ်ငန်းရှင်အဖြစ် အသိအမှတ်ပြု SME Member Card တွေကို အွန်လိုင်းစနစ်ဖြင့် လျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်တွေမှာ စစ်ဆေးမှုပုံစံတွေ ဌာနဘက်က ဝန်ဆောင်မှု ပေးရမယ့် အချက်တွေနဲ့ လုပ်ငန်းရှင်ဘက်က သိရှိထားရမယ့် လိုအပ်ချက်တွေဆိုပြီး အပိုင်းလိုက်ခွဲ ပို့ချပေးနေပါတယ် မကြာခင် စနစ်အကောင်အထည် ပေါ်လာတော့မှာပါ'' ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနရှိ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေး ဌာန၏ဌာနခွဲမှူး ဒေါ်အိအိခိုင်က ပြောသည် ။

 

အဆိုပါစနစ် အကောင်အထည်ဖော်ခြင်းဖြင့် SME လုပ်ငန်းရှင်များသည် SME Web Portal မှတဆင့် Online ဖြင့် SME အသိအမှတ်ပြု Member Card လျှောက်ထားရာ၌ အချက်အလက်များ ပြည့်စုံမှန်ကန်ပါက အချိန်တို အတွင်း Member Card ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည် ။

 

 e-payment စနစ် ဖြင့် ငွေပေးချေရာ၌ E-commerce ဖွင့်ထားသော မည်သည့် MPU Card ဖြင့် ဖြစ်စေ ပေးချေနိုင်ခြင်း၊ ငွေပေးချေမှု စနစ်ပြီးစီးအောင်မြင်ပါက Member Card အား အွန်လိုင်းမှ အလိုအလျောက်စနစ်ဖြင့် ရရှိနိုင်ခြင်း၊ လျှောက်ထားမှု အခြေအနေ အဆင့်ဆင့်အား အွန်လိုင်း စနစ်ဖြင့်ပင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ခြင်း ဖြင့်Process transparency ရှိစေခြင်း၊ Computer ဖြင့်သာမက Mobile ဖြင့်လည်း လျှောက်ထားနိုင်ခြင်း စသည့်အားသာချက်များကို ရရှိစေမှာ ဖြစ်ကြောင်း သိရသည်။

 

လျှောက်ထားပုံ လျှောက်ထားနည်းအဆင့်ဆင့်၊ User Gudie နှင့် e-payment စနစ်ဖြင့်ငွေ ပေးချေခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း   အဆိုပါ Web Portal တွင် ထည့်သွင်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။

 

သူရိန်လင်း