နေပြည်တော် ၁၈ ဒီဇင်ဘာ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၏ မိတ်ဆွေ(၁၀)ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း (၂၆) ဦးတို့သည် အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေမှုကို တက်ရောက်လေ့လာကြပြီး မွန်းလွဲပိုင်းတွင် UNDP ၏ စီမံကိန်းတစ်ခုဖြစ်သော Township Democratic Local Governance (TDLG)  Project သင်တန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အမျိုးသမီးများနှင့် UNDP TDLG Project ဝန်ထမ်းများ အပါအဝင် (၁၃၄) ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့်ဧည့်သည် စုစုပေါင်းမှာပြည်တွင်း ဧည့်သည် (၂၁၈၆၁) ဦးနှင့် ပြည်ပဧည့်သည် (၂၂၅၄) ဦးရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံ လိပ်မူ၍ သုံးရက်ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။ 

သတင်းစဉ်