ပဲခူး ၁၉  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး တိုင်းရေနံနှင့် ရေနံထွက်ပစ္စည်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ တိုင်းရောင်းဝယ်ရေးအရာရှိ ဦးစီးသော ဌာနစုံပါဝင်သည့် Task Force အဖွဲ့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း လိုင်စင်မဲ့ စက်သုံးဆီအရောင်းဆိုင်များ ပပျောက်ရေး ရှောင်တခင် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

mdn

 

" ပဲခူးတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့စက်သုံးဆီအရောင်းဆိုင်များ၊ (Battery Pump) ဆီဆိုင်များ ပပျောက်ရေး၊ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီအရည်အသွေး အခြင်အတွယ် ပြည့်မှီမှန်ကန်စေရေး၊ စက်သုံးဆီ လုပ်ငန်းဆောင်ရွက် လုပ်ကိုင်သူများအနေဖြင့် သတ်မှတ် စည်းကမ်းချက်များကို တိကျစွာလိုက်နာစေရေး၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေပြီး ဆုံးရှုံးမှု ကြီးမားသည့် မီးဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးတို့ကို ပုံမှန်အားဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း" ဦးလရော် တိုင်းရောင်းဝယ်ရေးအရာရှိ (ပဲခူးတိုင်းဒေသကြီး) က ပြောကြားသည်။

 

ms=dn

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ တရားဝင်လိုင်စင်ရ စက်သုံးဆီဆိုင် (၂၆၅) ဆိုင်ရှိပြီး သတ်မှတ်ချက်နှင့်အညီ လျှောက်ထားသော စက်သုံးဆီဆိုင်များအပြင် ယခုအခါ ကျေးလက် သုံးစက်သုံးဆီ အရောင်းဆိုင်ငယ် (Village Mini Pump Station) တို့ကိုပါ စိစစ်ခွင့်ပြု ထုတ်ပေး လျှက်ရှိကြောင်း သိရသည်။

 

mdn

 

ဟိန်းထက်(ပဲခူး)