ထန်းတပင် ၁၉   ဒီဇင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမ၌ ယာဉ်မတော်တဆမှု များမဖြစ်ပွားစေရေးအတွက် မော်တော်ယာဉ်မောင်းနှင်သူများအား အရက်မူးတိုင်းကိရိယာ (Alcohol Tester)ဖြင့် စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းအချိန်က အဆိုပါ လမ်းမတစ်လျှောက်တွင် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း အမှတ်(၆၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ထန်းတပင်)မှ သိရသည်။

 

ာိာ

 

အရက်သေစာ သောက်စားကာ မူးယစ်မောင်းနှင်မှုများမရှိစေရေးနှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် မော်တော်ယာဉ် မောင်းနှင်သူများကို အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်မှုများကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် စစ်ဆေးဆောင်ရွက်နေကြောင်း အမှတ်(၆၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ထန်းတပင်) မှတပ်ဖွဲ့စုမှူး ရဲအုပ်မြင့်နိုင်က ဆိုသည်။

 

ာိည

 

ထို့အပြင် အမှတ်(၆၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ထန်းတပင်)မှ မှုခင်းအသိပညာပေး (Mobile) ယာဉ်ဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့် အများပြည်သူအား ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေး အတွက်လည်း ယာဉ်တိုက်မှုဖြစ်ပွားသည့် မှတ်တမ်းဓာတ်ပုံများပြသခြင်း၊  အသိပညာပေး ဗီနိုင်း ပိုစတာများ ပြသဆောင်ရွက်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟော ပြောမှုများကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမတစ် လျှောက်ရှိ ကျေးရွာများတွင် ဆောင်ရွက်ပေးနေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ာိည

 

ဇင်မင်းထိုက်(ထန်းတပင်)