နေပြည်တော် ၁၉ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်သည် ဖက်ဒရယ်နိုင်ငံများဖိုရမ် Forum of Federations (FOF) အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်အတွက် တင်ပြရန်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်ကဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတင်ပြအစီရင်ခံခြင်း၊ ယခင်ကဲ့သို့ လွှတ်တော်များနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးသည်။
သတင်းစဉ်