မန္တလေး ၁၉ ဒီဇင်ဘာ
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၌ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အလှူရှင်ဖြစ်သည့် မန္တလေးမြို့ သီရိရွှေစင်ရတနာရွှေဆိုင်မှ သုဓမ္မမဏိဇောတရေ ဦးအောင်နိုင်ဆွေ+သီရိသုဓမ္မသိင်္ဂီဒေါ်မြင့်မြင့်နွယ်တို့က ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူတော်ငွေကျပ်သိန်း ၂၀ဝ ကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
သတင်းစဉ်