နေပြည်တော်  ၁၉  ဒီဇင်ဘာ 

    

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် POSCO International Corporation မှ CEO Mr. Kim Young-Sang နှင့် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

2

    

တွေ့ဆုံစဉ် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရွှေစီမံကိန်းတွင် နေ့စဉ်သဘာဝ ဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးနေမှုများ၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး တွင်းသစ်များ တူးဖော်နေမှုနှင့် ထုတ်လုပ်မှုစမ်းသပ်ရေး အစီအစဉ်များ၊ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့  ပိုမိုဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ် မာန်အောင်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကုမ္ပဏီ၏ လူမှုရေးတာဝန်သိမှု အစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့မှုများ၊ Liquefied Natural Gas (LNG) တင်သွင်း၍ ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ ပိုမိုဖြည့်တင်းအသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ဝန်ကြီးဌာနမှ ဓာတ်မြေသြဇာထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ရေးနှင့် ရေနံဓာတုဗေဒစက်ရုံများအတွက် ဆောင်ရွက်သွားမည့်အစီအမံများနှင့် သဘာဝဓာတ်ငွေ့သုံး စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစီအစဉ်များကို ဆွေးနွေးကြသည်။

 

4

 

(သတင်းစဉ်)