ရန်ကုန် ၂၀ ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ပံ့ပိုးကူညီမှုနှင့်အတူ စာအုပ်ဆိုင်ခန်းပေါင်း ၇၀ ခန့်ဖြင့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသော Yangon Book Street ၏အပတ်စဉ် အစီအစဉ်များအဖြစ် ဒီဇင်ဘာ ၂ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီတွင် စာရေးဆရာ ပုသိမ်အောင်သန်းဦး၏ “ဝတ္ထုများ ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲအစီအစဉ်၊ ညနေ ၃ နာရီတွင် နေရီရီစာအုပ်တိုက်မှ နာမည်ကြီး စာအုပ်ကောင်းများကို ထိုက်တန်စွာ လက်ဆောင် ပေးမည့် “မေးကြည့် ကြည့် ပဟေဠိ” အစီအစဉ်တို့ကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။