ကျောင်းကုန်း  ၂၀  ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ကလေးစာပေပွဲတော် ကျင်းပမည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 

 

a

 

မြို့မိမြို့ဖများ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကလေးစာပေပွဲတော်ကျင်းပရေး ဆပ်ကော်မတီဝင်များက ဖဲကြိုးဖြတ်မည့် မုဒ်ဦးတည်ဆောက်ခြင်း၊ ပြပွဲပြိုင်ပွဲများ ကျင်းပမည့်နေရာနှင့် စာအုပ်ဈေးရောင်းပွဲတော်အတွက် စာအုပ်ဆိုင်များ ထားရှိမည့်နေရာတို့အားနေရာသတ်မှတ်ခြင်း၊ လှုံ့ဆော်ရေး လမ်းဖြတ်ပိုစတာများ ချိတ်ဆွဲရန် တာဝန်ပေးခြင်း၊ ပြခန်းများထားရှိမည့်နေရာတို့အား ကြည့်ရှုကာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)