ကော့ကရိတ်  ၂၀  ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စိုက်ပျိုးရေးဉီးစီးဌာနသည် SemiGreenhouse ဖြင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းလက်တွေ့ပြသပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ကော့ကရိတ်မြို့ စံပြဥယျာဉ်ခြံ(ထူးဟဲစေးဟဲ)တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

 

a

 


အခမ်းအနားတွင် ကော့ကရိတ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဉီးကိုကိုဉီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဉီးစီးမှူး ဉီးအောင်နိုင်က Semi Greenhouse ဖြင့် စိုက်ပျိုးနည်းပညာများအကြောင်း ဆွေးနွေးပြောကြားသည်။

 

a

 

ယင်းနောက် International Fertilizer Development Center) တာဝန်ခံ ဉီးဟိန်းဝဏ္ဏအောင်မှ ရန်ပုံငွေထောက်ပံ့မှုနှင့် တောင်သူပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးနှင့်ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် တောင်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများကိုသခွားမွေး၊ ခရမ်းချဉ်၊ ငရုတ်ချိုမျိုးတို့ကို စနစ်တကျကွင်းလက်တွေ့ စိုက်ပျိုးပြသပြီးခြံထွက် သန့်ရှင်းလတ်ဆက်သော ဟင်းသီးဟင်းရွက်များကို မျှဝေပေးခဲ့သည်။

 

a

 

အဆိုပါတောင်သူ ပညာပေးကွင်းလက်တွေ့ ပြသပွဲသို့ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီး အကဲများခြံတာဝန်ခံနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ အံကောင်၊ သရက်တော၊ ရွာတန်းရှည်၊ ရေကျော်ကြီး၊ လိုင်ဝ၊ ရန်ကုတ်ကျေးရွာတို့နှင့် အမှတ် ၄ ရပ်ကွက်တို့မှ ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

a

 

ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)