ရန်ကုန်   ၂၀   ဒီဇင်ဘာ 

 

No Plastic Campaign - South Okkalapa အဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက် လှုပ်ရှားမှုကို ဒီဇင်ဘာ ၂၂  ရက်နေ့၌ (၆၉) ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁) ရပ်ကွက်ရှိ လမ်းများအား မြို့နယ်သူ/မြို့နယ်သားများ၊ ပရဟိတ ညီအစ်ကိုမောင်နှမများ၊ လူမှုကူညီရေး အဖွဲ့သားများဖြင့် စုပေါင်း၍ အမှိုက်ကောက် လှုပ်ရှားမည်ဖြစ်သည်။

 

သို့ဖြစ်ပါ၍ ပရဟိတစိတ်ထက်သန်သော၊ ပါဝင်ကူညီလိုသော ပရဟိတ ညီအစ်ကိုမောင်နှမများအား ပူးပေါင်းပါဝင် ကူညီကြပါရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

 

နေထက်အောင်