ငဖဲ ၂၀ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ခန်းမတွင် မြို့နယ်စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီ မှဦးစီးကျင်းပသည့် ပြည်သူလူထုအကျိုးပြု စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့ည ၇နာရီကစတင်ကျင်းပဆောင်ရွက်ရာငဖဲမြို့နယ် စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီမှ ဦးလှဝင်းရွှေ က စာပေဟောပြောပွဲဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာနေဦးဝေ က တောင်သူလယ်သမားများ၏ ဘဝများနှင့် စာရေးဆရာဦးဘုန်း(ဓာတု)က နတ်တော်လရာသီစာပန်းချီ ခေါင်းစဉ်ဖြင့် စာပေဗဟုသုတများကို အသီးသီးဟောပြောကြသည်။
ထို့နောက် စာရေးဆရာနေဦးဝေနှင့် စာရေးဆရာဦးဘုန်း(ဓာတု) တို့အား အမှတ်တရလက်ဆောင် ပစ္စည်းများကိုတာဝန်ရှိသူများကပ ပေးအပ်ခဲ့ကြပြီး စာပေဟောပြောပွဲသို့ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင် ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ငဖဲမြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများမှ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)