အောင်လံ ၂၀ ဒီဇင်ဘာ
အောင်လံမြို့နယ်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တောင်တွင်းကြီး−ရွှေတောင် ၂၃၀ ကေဗွီနှစ်ထပ်
မဟာဓာတ်အားလိုင်းတည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်နှင့်မလွတ်ကင်းသော နှစ်ရှည်/သီးနှံပင်မျာအတွက် တောင်သူတစ်ဦးချင်းသို့ လျော်ကြေးငွေပေးအပ်ခြင်းများကို ဒီဇင်ဘာလ(၁၆)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ(၂၀)ရက်နေ့နံနက်(၉းဝ၀)နာရီအချိန်တွင် သုံးရက်မြောက်နေ့အဖြစ် အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမ၌ လျော်ကြေးငွေများကို ဆက်လက်ပေးအပ်လျှက်ရှိကြောင်း သိရသည်။
ယင်းလျော်ကြေးငွေများကို ဓါတ်အားပို့လွှတ်ရေး စီမံကိန်း(တောင်ပိုင်း)၊ စီမံကိန်းမန်နေဂျာရုံး(၃)၊ ရွှေတောင်မြို့မှ လာရောက်ပေးအပ်ခြင်းဖြစ်ပြီ တောင်တွင်းကြီး−ရွှေတောင် ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပါဝင်သော ကျေးရွာ(၂၆)ရွာမှတောင်သူ(၅၈၄)ဦး၏ ပျက်စီးဆုံးရှုံးသည့် သီးနှံများအတွက် သီးနှံလျော်ကြေးငွေ(၁၉၃၄၈၃၄၂၅)ကျပ်အား ပမာဏများပြားသဖြင့် ယခုကဲ့သို့ (၃)ရက်ခွဲ၍ ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်ဆက်)