ရန်ကုန်  ၂၀  ဒီဇင်ဘာ 


ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စန္ဒာသွယ်သည် ရုံးအဖွဲ့မှူး ဦးရဲလွင်၊ ခရိုင်နှင့်မြို့နယ် တရားသူကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အောင်ချမ်းသာ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

4

 

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးသည် စခန်းရှိ အကျဉ်းသားများနှင့် တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများ ခံစားရရှိခွင့်ရှိ၊ မရှိ၊ ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးမှု အတတ်ပညာသင်ကြားပေးမှုများကို ဆွေးနွေးမေးမြန်းပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ 


(သတင်းစဉ်)