ဘားအံ ၂၀ ဒီဇင်ဘာ

 

ကရင်တိုင်းရင်းသားရိုးရာအဝတ်အထည်ရက်လုပ်မှုဆိုင်ရာလုပ်ငန်းများ တိမ်ကောသွားခြင်းမရှိစေရေးနှင့် ပိုမို ရှင်သန် လာစေရေး၊ တန်ဖိုးမဖြတ်နိုင်သော ကရင်ရိုးရာဂျပ်ခုတ်အမွေအနှစ်များ ပျက်စီးပျောက်ကွယ်သွားခြင်း မရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် ပြာသို (သလေးထိုင်ခေါက်ဖိုး) လဆန်း ရက်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်ရိုးရာဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

5

 

ပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်ဂျပ်ခုတ်အဖွဲ့ ၃၄ ဖွဲ့၏ ယှဉ်ပြိုင်ရက်လုပ်မှုများအား တက်ရောက် လာသူများနှင့်အတူ လိုက်လံကြည့်ရှု့အားပေးခဲ့သည်။

 

အဆိုပါပြိုင်ပွဲကို အများယုံကြည်လေးစားရသော အမှတ်ပေးအကဲဖြတ်ဒိုင်()ဦးက ကရင်ရိုးရာကိုအခြေခံပြီး ဂျပ်ခုတ် ထားမှု၊ ဒီဇိုင်းတီထွင်ဆန်းသစ်မှုနှင့်ထိုးထွင်းဉာဏ်ရှိမှု၊ အထည်သားချောမွေ့မှုနှင့် အရောင်ဆန်းပြားမှု၊ စည်ကမ်း လိုက်နာမှု တို့ကိုစံထား၍ အဆင့်ဆင့်အမှတ်ပေးခဲ့ကြရာ  စုစုပေါင်းအမှတ်အများဆုံး ရရှိခဲ့သူ()ဦးအား ရွေးချယ်၍ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

4

 

ညနေပိုင်းတွင် ကရင်ရိုးရာဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်ပေးအကဲဖြတ်ဒိုင် တစ်ဦးက ဆုများရွေချယ်ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က ပထမဆုရရှိသော ကော့ကရိတ်မြို့နယ်မှ နော်လှဝင်း၊ ဒုတိယဆု ရရှိသော လှိုင်းဘွဲမြို့နယ်မှ နန်းမြင့်မြင့်အေး၊ တတိယဆုရ ဖါပွန်မြို့နယ်မှ နော်မေရာထူးတို့ကိုလည်ကောင်း၊ ပြည်နယ် စာရင်းစစ်ချုပ်ဦးစောလှထွန်းက စတုတ္ထဆုရ လှိုင်းဘွဲမြို့နယ်မှ နော်ရှီးရှီးမှူး၊ ပဥ္စမဆုရ ကြာအင်းဆိပ်ကြီးမြို့နယ်မှ နော်မူးလာလော်ဖေါ တို့ကိုလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

           

စောမျိုးမင်းသိန်း(ပြန်/ဆက်)