နေပြည်တော် ၂၀ ဒီဇင်ဘာ
မဟာမဲခေါင်ဒေသခွဲ လူနှင့်ကုန်စည်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ပူးတွဲကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ- ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးကို နှစ်နိုင်ငံသဘောတူညီ လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာနှင့်အညီ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ကုန်မဲ့စမ်းသပ်ပြေးဆွဲခဲ့မှု၊ နိုဝင်ဘာ ၁ ရက်မှစတင်၍ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး ဆောင်ရွက်နေမှု၊ နယ်စပ်ဖြတ် ကျော်ပို့ဆောင်ရေး ခွင့်ပြုမိန့်များထုတ်ပေးထားမှု၊ မြန်မာနိုင်ငံသို့ ဝင်ရောက် ခွင့်ပြုထားသည့် မြဝတီ- ကော့ကရိတ် -ဇာသပြင် -မော်လမြိုင်နှင့် မြဝတီ- ကော့ကရိတ် -အိန္ဒု -ဘားအံ - သထုံ- ပဲခူး- သီလဝါ လမ်းပိုင်းများ အခြေအနေ၊ တံတားသစ်များ တည်ဆောက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လာအိုနိုင်ငံ တို့ဖြင့် လူနှင့် ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး အကောင်အထည်ဖော်ရန် အတွက် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရေး မူကြမ်းများ ပြုစုထားမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁၇ ရက် ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ Ministry of Public Works and Transport က တည်ခင်းသည့် Gala Dinner သို့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။
သတင်းစဉ်