နေပြည်တော် ၂၀  ဒီဇင်ဘာ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ (United Nations Conference on Trade and Development - UNCTAD)မှ Economic Affairs Officer Ms. Martine Julsaint Kidane နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

4

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း၏  အစိတ်အပိုင်းတစ်ခု ဖြစ်သည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာ (E-Commerce Strategy) ကို ရေးဆွဲရာ တွင် UNCTAD အနေဖြင့် ဆက်လက်ပံ့ပိုး ကူညီပေးနိုင်ရေး၊ E - Commerce သည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးနှင့် ကုန်သွယ်မှုပမာဏ တိုးတက်လာရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သဖြင့် မဟာဗျူဟာချမှတ် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းပါဝင်နိုင်ရေးနှင့် E - Commerce စနစ် အကောင်အထည် ဖော်ဆောင်ရာတွင် အရေးပါသည့် ငွေပေးချေမှုစနစ်များ ပိုမိုတိုးတက်လာရေးတို့ကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)