နေပြည်တော် ၂၀ ဒီဇင်ဘာ 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် (၃၀) ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့များမှ အုပ်ချုပ်မှုအဖွဲ့၊ အုပ်ချုပ်/ နည်းပြ၊ ဒိုင်/ ဂျူရီနှင့်အားကစားအဖွဲ့ ချုပ်များမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ)၌ တွေ့ဆုံသည်။

 

4


    
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာ့အားကစား ပိုမိုတိုးတက်အောင်မြင်မှုများရရှိရေးအတွက် သမားရိုးကျပုံစံများဖြင့် ဆောင်ရွက်၍မရဘဲ ဆန်းသစ်သောအတွေးအမြင်များဖြင့် ပြတ်သားစွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အားကစားအောင်မြင်မှုများရရှိရန်မှ ရေတိုဆောင်ရွက်၍မရဘဲ ရေရှည်စီမံကိန်းများ ချမှတ်ကာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆) ကျောင်း၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း။


    
အဆိုပါကျောင်းများတွင် သင်တန်းသားစတင်စိစစ်ရွေးချယ်ရာ၌ အမှန်တကယ် အားကစားစိတ်ဓာတ်ပြည့်ဝသော၊ ကျန်းမာသန်စွမ်းသော၊ အားကစားနည်းအလိုက် သတ် မှတ်ချက်များပြည့်မီသော၊ ထူးချွန်ရန်အလားအလာရှိသော လူငယ်များကို စနစ်တကျရွေး ချယ်ရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှုနှင့်လေ့ကျင့်မှုများ ဆောင်ရွက်ရာတွင်လည်း ခေတ်မီသိပ္ပံနည်းကျနည်းစနစ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကျောင်းများ ရှိ အားကစားသမားများအနေဖြင့် အားကစားလေ့ကျင့်မှုအပြင် စာပေပညာကိုပါ သင်ကြားရသဖြင့် အားကစားလေ့ကျင့်မှုကို အချိန်ပြည့်၊ အင်ပြည့်၊ အားပြည့် ဆောင်ရွက်နိုင်မှုမရှိပါကြောင်း၊ အားကစားလေ့ကျင့်မှုများကို ပိုမိုအားစိုက်ဆောင်ရွက်နိုင်ရန် အတွက်စာပေပညာသင်ကြားမှုများကို လျှော့ချနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


အားကစားသင်ကြားလေ့ကျင့်မှုများကို သိပ္ပံနည်းကျဆောင်ရွက်နိုင်ရန်အတွက် အားကစားသိပ္ပံဘွဲ့ B.Sc(sports) ရရှိသူများကို ကျောင်း (၆) ကျောင်းတွင် ခန့်အပ်တာဝန် ပေးခြင်း၊ နိုင်ငံတကာမှနည်းပြများကို ငှားရမ်းခန့်ထားခြင်းများကို ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများကို ထောက်လှမ်းရှာဖွေခြင်း (talent scouting) ကိုလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျောင်းပေါင်းစုံနှင့် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲကာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

7

 

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က  ပြိုင်ပွဲဆိုင်ရာများနှင့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်မှုတို့ကို ရှင်းလင်းတင်ပြသည်။


    
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားလောကဖွံ့ဖြိုးရေး အတွက် ရေရှည်ဦးတည်ချက်လမ်းကြောင်းချမှတ်ပြီး Master Plan ရေးဆွဲဆောင်ရွက် သွားရမည့်အစီအစဉ်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။ 

 

(သတင်းစဉ်)